ကျွန်တော်ကိုယ်တိုင်လည်းဖုန်းနဲ့ သုံးနေတာပါ။ဒီတော့ နည်းနည်းတော့နည်းလမ်းလေးတွေ၇ှာဖွေမိတယ်..
ပထမဆုံးတွေးမိတာကတော့ ကျွန်တော့ဖုန်း လိုင်းမမိလို့ ပေါ့လိုင်းမိတဲ့နေရာ ထားပြီး hotspot wifi နဲ့ သုံးပြန်တော့လည်း.. ထိုနည်း၎င်းပါဘဲ။
ဒါနဲ့ ဘဲ Connection speed ကို သွားတိုင်းကြည့်လိုက်တယ်။ speed တိုင်းဖို့ တော်တော်စောင့်လိုက်ရတာဗျာ။ အဖြေထွက်လာပြန်တော့လည်း။
5kb - 0.1kb per second တဲ့ဒါတောင် 3G Network Connection ပါဘဲ။
5kbs လောက်ဆို မဆိုးဘူး ကျွန်တော် VPN နဲ့ ချိတ်လို့ ရတာဘဲဆိုပြီး ကျွန်တော် အမြဲသုံးနေကျ Hotspot shield ကို ဖွင့်လိုက်ပါတယ်။
(မူရင်းကောင်းမှ မိတ္တူကောင်းမယ်ဆိုတာတော့သိပါတယ် ဒါပေမယ့် VPN နဲ့ စမ်းချိတ်ပြီး စမ်းချင်သေးလို့ ခုနည်းကိုဆက်စမ်းပါတယ်)
လိုင်းသိပ်အဆင်မပြေတော့ VPN Server နဲ့  Connected မလုပ်နိုင်ဖူးဖြစ်သွားတယ်။ ဒီတော့ ကျွန်တော် ဘရောက်ဇာ မှာ ဖွင့်ထားတဲ့လင့်တွေပြန်ပိတ်လိုက်ပါတယ်။
(ဘာမှ မဖွင့်ထားဘဲ ခု Software ကိုအရင်ဖွင့်စေချင်ပါတယ်။ ပြီးရင် Connected ဖြစ်မှသုံးကြည့်ပါ)
Connected ဖြစ်ဖို့ ကျပြန်တော့ 5kb - 0.1kb /s ဆိုတော့ 5kb/s လောက် ရဖို့ ခဏစောင့်ပြီး Connected လုပ်လိုက်ရတယ်ဗျ။











