Apple ID မည်မျှ အရေးကြီးသည် အရေးပါသည်ကို Apple သုံးနေသူတိုင်း နားလည်သိရှိထားပြီး ဖြစ်ပါလိမ့်မယ်...
ထို့အတူ App, Music, Video အစရှိသည်ဖြင့်တို့ကို Apple Store က ဝယ်ယူနိုင်ဖို့ အတွက် မိမိရဲ့ Apple ID မှာ bank account, credit number အစရှိသည့် ငွေရေး ကြေးရေးဆိုင်ရာ အချက်အလက် တို့ကို ဖြည့်သွင်းထားပါက မိမိရဲ့ Apple ID ဟာ လုံခြုံစိတ်ချရဖို့ ပိုပြီး အရေးကြီးလာပါတယ်...
အကယ်၍များ တစ်စုံတစ်ယောက်က မိမိရဲ့ password နဲ့ security questions များကို မှန်းဆသိရှိ၍ မှန်ကန်သွားခဲ့ပါက ကိုယ့်ရဲ့ Apple ID ကို အသုံးချပြီး iTunes နဲ့ App Store တို့မှာ ဘာမဆို ဝယ်ယူသွားနိုင်ပါတယ်..
ယခုကဲ့သို့သော အခြေအနေမျိုးကို စိုးရိမ်နေရသူများအတွက် Two-Step Verification နည်းကို အသုံးပြုခြင်းဖြင့် မိမိရဲ့ အချက်လက်တွေကို ပိုမိုလုံခြုံစေနိုင်ပါလိမ့်မယ်..
Two-Step Verification ပြုလုပ်ထားခြင်းဖြင့် တစ်ယောက်ယောက်က သင့်ရဲ့ Apple ID နှင့် Password ကို သိနေသည့်တိုင်အောင် မိမိရဲ့ ခွင့်ပြုချက် မရပဲ ဘာကိုမျှ ဝယ်ယူနိုင်မည် မဟုတ်ချေ။











