probux အကြောင်း
ဒီအလုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အီးမေးပို့ပြီး လုပ်ခိုင်းခဲ့တာပါ ။ သာမန်အလုပ်တစ်ခုလို့ ခပ်ပေါ့ပေါ့သဘောထားပြီး သေသေချာချာလည်း မဖတ်ဖြစ်ခဲ့ပါဘူး ။ ရတဲ့ငွေကလည်းနည်း ၊ Referralသဘောလည်းမသိ ၊ အိမ်မှာအင်တာနက်လိုင်း မရှိသေးတော့ ဆိုင်မှာသွားနှိပ်ရတာလည်းအဆင်မပြေ … စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ။ အခုသူက ဆိုဒ်တစ်ခုမှာ တစ်လကို ဒေါ်လာ၁၀၀-၂၀၀ ၊ ဆိုဒ်၅ခုအတွက် ဒေါ်လာ ထောင်နှင့်ချီထုတ်နေတော့မှ ကျွန်တော်မျက်လုံးပြူးရပါတော့တယ် ။ အဲဒီတော့မှ သေသေချာချာ လေ့လာကြည့်တော့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီအလုပ်နှင့်အဆင်ပြေနေသူတွေ ဒုနှင့်ဒေး တွေ့လိုက်ရတာပါပဲ ။ အဲဒီတော့မှ လေးလေးစားစား၊ စနစ်တကျနှင့် ဒီအလုပ်ကိုပြန်စဖြစ်ခဲ့တယ်။
ပင်လယ်ရေဆိုတာ သောက်လို့မကုန်ပါဘူး ။ ဒါကြောင့်လည်း စာအုပ်လေးတွေရေးပြီး ကျွန်တော့်ရဲ့ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ တမြေတည်းနေ တရေတည်းသောက်ကြတဲ့ ညီနောင်တွေလည်း ရပါစေဆိုပြီး မျှဝေခြင်းဖြစ်ပါတယ် ။ စာအုပ်ကိုဖတ်ပြီးရင် အလုပ်စဖြစ်အောင် စလိုက်ပါ ။ ကိုယ်မလုပ်နိုင်ရင်လည်း မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို လုပ်ဖြစ်အောင် လုပ်ခိုင်းလိုက်ပါ ။ အမှုမဲ့အမှတ်မဲ့ ကုန်လွန်သွားမယ့် နေ့စဉ်တစ်နာရီကို အင်တာနက်ငွေပင်စိုက်ခြင်း ဖြင့် များစွာမဝေးလှတဲ့အနာဂတ်မှာ ဝေဝေဆာဆာပွင့်ဖူးလာမယ့် အသီးအပွင့်တွေကို အပြုံးတွေနှင့် ခူးဆွတ်ရင်း … သာယာချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. ကျွန်တော့်ရင်ထဲက ဆန္ဒပြုလိုက်ပါတယ်ဗျာ ။











