အရင်ဆုံးလုပ်ရမဲ့ လုပ်ဆောင်ချက်ကတော့ desktop ပေါ်မှာ Right click နှိပ်လိုက်ပါ။ ပြီးရင် New ထဲကနေ
shortcut ကိုသွားလိုက်ပါ။
အဲ့လိုရွေးပြီးရင် desktop ပေါ်မှာ shortcut ထားဖို့အတွက် icon ရဲ့ location ကိုရွေးခိုင်းပါမယ်။ အောက်မှာပေးထားတဲ့ စာသားကိုရိုက်ထည့်ပေးပြီး Next ကိုသွားလိုက်ပါ။
%windir%\explorer.exe shell:::{26EE0668-A00A-44D7-9371-BEB064C98683}
ပြီးရင်တော့ Desktop ပေါ်မှာ shortcut icon လေးရောက်သွားပါပြီ။ ဒါပေမဲ့ သူပေးတဲ့ icon က default icon ဖြစ်တဲ့အတွက် icon ကတော့ မှားနေပါလိမ့်မယ်။ အဲ့ဒါကို change မယ်ဆိုရင် change လို့ရပါတယ်။ မ change ချင်တဲ့သူတွေကတော့ မ chnage ဘဲဒီအတိုင်းထားနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ control panel ကိုထားပါမယ်ဆိုရင်တော့ control panel icon လေးနဲ့ပဲ မြင်ချင်တာပေါ့။ အဲ့ဒီအတွက် icon ကို change မယ်ပေါ့ဗျာ။
အပေါ်ကပုံအတိုင်းနှိပ်လိုက်ရင် dialog box လေးကျလာပါလိမ့်မယ်။ အဲ့ဒီ box လေးပေါ်လာပြီဆိုရင် icon ကို change icon ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။ ပြီးရင် icon ကို change ဖို့အတွက် location ကိုရွေးခိုင်းပါ့မယ်။ အောက်က စာသားကိုရိုက်ထည့်ပေးလိုက်ပါ။
%SystemRoot%\system32\SHELL32.dll
ပြီးရင် control panel ရဲ့ icon လေးကို ရွေးပေးပြီး OK ကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် control icon လေးနဲ့ shortcut လေးကလန်းသွားပြီးပေါ့ဗျာ။
ကဲနောက်ဆုံးတစ်ဆင့်ကတော့ window 8 ရဲ့ desktop မှာ Tile အနေနဲ့ ထားဖို့ပါပဲဗျာ။ ဒါကတော့နောက်ဆုံးအဆင့်ပါပဲဗျာ။ ကိုယ်ပြောင်းလဲလိုက်တဲ့ control panel shortcut icon ကို right click နှိပ်လိုက်ပါ။ ပြီးရင် Pin to Start ဆိုတာကို ရွေးပေးလိုက်ပါ။
အဲ့ဒါဆိုရင် window 8 ရဲ့ desktop ပေါ်မှာ control panel shortcut icon အဟောင်းလေးကို tile အနေနဲ့မြင်တွေ့နိုင်ပြီပေါ့ဗျာ။
0 comments:
Post a Comment