Thursday 17 July 2014

Download လုပ်ခြင်းနှင့်ပတ်သက်လို့ ပထမဆုံးဖတ်စေချင်တယ်

Indirect

ဟိုတလောက ကျွန်တော့်ရဲ့ Mediafire လင့်တစ်ခုလုံး ဖျက်ခံလိုက်ရပြီးတဲ့နောက် ကျွန်တော် လင့် (5)ခု ထပ်မံတင်ပေးနေပါတယ်.. အဲဒါတွေကတော့ Ziddu. Zippyshare. SendSpace. Tusfiles. Solidfiles. နဲ့ တစ်ခါတစ်လေ Mediafire အကောင့်သစ်မှာ တင်ပေးနေပါတယ်.. ခုတလော တစ်ဆင့်ခံလင့်တွေထဲက adf.ly ဟာ အလုပ်မလုပ်ဖြစ်နေပါတယ်.. ကျွန်တော်တင်တဲ့ တစ်ဆင့်ခံလင့်တွေက adfoc.us နဲ့ adf.ly ပါ.. ဖိုင်တွေကို လင့်တွေများများတင်တဲ့အခါကျမှ ဒေါင်းမရဘူးလို့ ခဏခဏ အော်တာ တွေ့တွေ့နေရပါတယ်.. ဘာဖြစ်လို့လဲတော့မသိဘူး. တစ်ဆင့်ခံလင့်တွေ ကောင်းရဲ့သားနဲ့ ဒေါင်းမရတာဟာ ဒေါင်းသူတွေရဲ့ နားလည်မှုလွဲနေတာတွေကြောင့်လား. ကျွန်တော့် လင့်တွေကပဲ သေနေတာလား.. ကျွန်တော့် လင့်တွေက  ၅ခု နဲ့ ၆ ခု ရှိတာ.. တစ်ခုခုမှာတော့ ဒေါင်းလို့ရနိုင်ပါတယ်.. ဖိုင်တစ်ခါတင်ရင် လင့်များတဲ့အတွက် တော်ရုံနဲ့ ပို့စ်တစ်ပုဒ်ဖြစ်မလာပါဘူး.. ဒေါင်းသူများအနေနဲ့လည်း တစ်ခုမရရင် နောက်တစ်ခုမှာ ကြိုးစားကြည့်စေချင်ပါတယ်.. ကဲ အခု နားလည်မှုလွဲနေတဲ့ကိစ္စလေးတွေကို ကျွန်တော် နည်းနည်းရှင်းပြလိုပါတယ်..

တစ်ဆင့်ခံလင့်များ
တစ်ဆင့်ခံလင့်တွေဟာ ပို့စ်နဲ့ ဒေါင်းရမယ့်လင့်ကြားမှာ တစ်ဆင့်ခံထားတာပါ.. ပို့စ်ထဲက Download Link ကိုနှိပ်လိုက်ရင် တစ်ဆင့်ခံလင့်ကို ရောက်သွားပါတယ်.. တစ်ဆင့်ခံလင့်တွေမှာ ဘယ်လိုလုပ်ရမလဲ . ဆက်ဖတ်ကြည့်ပါ.
www.adf.ly .. ဒီလင့်ကိုရောက်သွားရင် အပေါ်ညာဘက်ထောင့်မှာ Please Wait ... 5 seconds ဆိုပြီးပြပါတယ်.. ၅စက္ကန့်စောင့်ပြီးရင် SKIP AD> ဆိုပြီးပေါ်လာပါတယ်.. အဲဒါကိုနှိပ်ရမှာပါ..
adf1adf

www.adfoc.us.... ဒီလင့်ကိုရောက်သွားရင် ၆ စက္ကန့်စောင့်ရမှာပါ.. ပြီးရင်တော့ SKIP ကိုပဲနှိပ်ရမယ်
adfoc+1
adfoc+2

www.linkbuck.com.. ဒီလင့်ကိုရောက်သွားရင် ၈ စက္ကန့် စောင့်ရမှာပါ.. ပြီးရင် SKIP THIS AD ကိုနှိပ်ရမှာပါ..
LinkBucks
LinkBucks+1




ကဲ.. ဒါဆိုရင် တစ်ဆင့်ခံလင့်တွေမှာ ဘယ်လိုလုပ်ရမလဲဆိုတာ သိလောက်ပါပြီ.. အခြား တစ်ဆင့်ခံလင့်တွေမှာလည်း ဒီပုံစံအတိုင်းပါပဲ.. သိပ်မကွာပါဘူး.. SKIP ကတော့ ပါနေတာပါပဲ. အဲဒါကိုနှိပ်ပြီးမှ ဖိုင်တင်ထားတဲ့ လင့်ကိုရောက်မှာပါ.. အဲဒီမှာ ဒေါင်းနိုင်ပါပြီ.. နောက်တစ်ပုဒ်ကျရင် Download Link တွေနဲ့ပတ်သက်လို့ ထပ်ပြီး ရေးပါအုံးမယ်.. သတိထားရမှာက ဘယ်ဆိုဒ်ကိုပဲရောက်ရောက်.. အခကြေးငွေနဲ့တင်ရတဲ့ဆိုဒ်ဆိုရင် Slow Download တို့.. Free Download တို့ Regular Download တို့ကို ရှာပြီး လင့်ကိုစမ်းကြည့်ပါ..





  


 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။





 အဆင်ပြေပါစေ
 ထင်ရှားအောင်(kyauk phyu thar)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...